အောက်တိုဘာလ တတိယအပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူဈေးငြိမ် နေပြီး နှမ်းနက်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင် နှမ်းညို တစ်တင်း ၉၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀-၂၂၅၀၀၀ ကျပ်ရှိပြီး ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀-၂၃၀၀၀၀ ကျပ် ရှိပြီး ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ ကျပ်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
ယခုအပတ်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံး ဆံဖြူ တစ်ပိဿာ ၈၄၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ ကျပ်ရှိပြီး ယခင်အပတ် ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၂၀၀-၈၄၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ ကျပ်ရှိ၍ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူနှင့် မြေပဲလုံးဆံဖြူ ဈေးငြိမ်နေ ကြောင်းသိရသည်။ ယခုအပတ်အတွင်း စားသုံးဆီပေါက်ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာ ၁၄၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်ရှိပါသည်။ ပဲဖတ် တစ်ပိဿာ ၅၃၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၄၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး